နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဖုဒ္ဓဿ

Saturday 20 August 2011

ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုသည်မှာ ...


ဗုဒ္ဓဘာသာဟူသည် အဘယ်နည်း … ဗုဒ္ဓ၏ အဆုံးအမဟူသမျှ ဘုရားရှင်တော်မြတ် ဟောပြော
ဆုံးမတော်မူအပ်သော ဗုဒ္ဓ၏ အဆုံးအမစကားတော်ဟူသမျှသည်… ဗုဒ္ဓဘာသာဟုခေါ်ပါသည်…..
 ဗုဒ္ဓဘာသာ၏
အနက်အဓိပ္ပါယ်ကိုနားလည် သဘောပေါက်ပြီးလျှင် ဗုဒ္ဓဘာသာဝင်ဆိုသောဝေါဟာရ၏အနက်
အဓိပ္ပါယ်ကိုလည်း နားလည်ထားသင့်သည်… ဗုဒ္ဓဘာသာဝင် ဟူသော ဝေါဟာရနှင့် ထပ်တူညီသော
ပိဋကတ်စာပေ အသုံးအနှုန်းမှာ ဥပါသကဆိုသော ဝေါဟာရပင်ဖြစ်သည်.. ဥပါသက၏ အဓိပ္ပါယ်မှာ
ရတနာသုံးပါးကိုကိုးကွယ် ဆည်းကပ်သူကိုဆိုသည်….
ဗုဒ္ဓဘာသာဝင်သမိုင်းတွင် ပထမဆုံး ဥပါသကများဖြစ်ကြတဲ့ တပုဿနှင့်ဘလ္လက ကုန်သည် ညီနောင်ကို
ဗုဒ္ဓဘာသာဝင်တိုင်းသိမယ်လို့ထင်ပါတယ်.. ၄င်းတို့ ညီနောင်နှစ်ဥိးသည် ဗုဒ္ဓမြတ်စွာဘုရားကို ဖူးတွေ့စဉ်
အခါက သံဃာဟူ၍ မရှိသေးသဖြင့် ဗုဒ္ဓနှင့်ဓမ္မကိုကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ဟုလျှောက်ထားပြီး
ရတနာနှစ်ပါး အပေါ်သရဏဂုံဆောက်တည်ခဲ့ကြရသည်.. နောက်ပိုင်း ဘုရားရှင်၏တပည့်တော် ရဟန်း
သံဃာများ ပေါ်ပေါက်လာချိန်တွင်ကား ဗုဒ္ဓ ဓမ္မ သံဃာ ဆိုသော ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏ဟု စိတ်တွင် သရဏဂုံ ဆောက်တည်ပြီးသူကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုပါသည်..
ဒီလောက်ဆိုရင်ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်ကို သေချာ နားလည်သဘောပေါက် လောက်ပါပြီ…
သရဏဂုံအကြောင်း
သရဏဂုံမှာလည်း နှစ်မျိုးရှိပါသည်.. လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ ထပ်မံခွဲခြား
နိုင်သည် … လောကုတ္တရာ သရဏဂုံဆိုသည်မှာ အရိယာပုဂ္ဂိုလ် သူတော်စင်များ၏ ရတနာမြတ်
သုံးပါးပေါ် မမှိတ်မသုန် ယုံကြည်ကိုးကွယ်ခြင်းပင်ဖြစ်သည်… လောကုတ္တရာ သရဏဂုံ တည်ပြီးသူသည်
ဗုဒ္ဓဘာသာဝင်အဖြစ်မှ မည်သည့်အခါမျှ မဆုံးရှုံး နိုင်တော့ပါ လောကီသရဏဂုံ တည်သူမှာကား
အခြားဘာသာဝင် အဖြစ်ခံယူသွားလျှင်ဖြစ်စေ ၊ ဘ၀တစ်ပါးသို့ကူးပြောင်း သွားလျှင်ဖြစ်စေ
ဗုဒ္ဓဘာသာဝင် အဖြစ်မှ ဆုံးရှုံးသွားနိုင်သည်. လောကီသရဏဂုံ တည်သူများကိုလည်း ၄ မျိုးခွဲခြား
ထားပါသည်
(၁) ရတနာသုံးပါးကို မိမိကိုယ်ကိုစွန့်လွှတ်လှူဒါန်းခြင်းဖြင့် ဆည်းကပ်သူ ။
(၂) ရတနာသုံးပါးသည်သာ ယုံကြည်အားကိုးခြင်းဖြင့် ဆည်းကပ်သူ ။
(၃) ရတနာသုံးပါး၏ တပည့်အဖြစ်ခံယူခြင်းဖြင့် ဆည်းကပ်သူ ။
(၄) ရတနာသုံးပါးကို ဆွေးမျိုးတော်၍ လည်းကောင်း ကြောက်၍သော်လည်းကောင်း လောကီ
အကျိုးစီးပွား အတွက် သော်လည်းကောင်း ကိုးကွယ်ဆည်းကပ်ခြင်း မဟုတ်ပဲ လောက၌ အမြတ်ဆုံးဟု
သဘောပိုက်ကာရိုသေမြတ်နိုး၍ ကိုးကွယ်ဆည်းကပ်သူများကိုလောကီ သရဏဂုံ တည်သူများဟု
ခေါ်ပါသည်… ဗုဒ္ဓဘုရားရှင် ဟောကြားသောတရား အဆုံးအမဒေသနာတော်တို့နှင့်အညီ လိုက်နာ
ကျင့်သုံးခြင်း မရှိသေးသော်လည်း ရတနာမြတ်သုံးပါးကို လောကတွင် အမြတ်ဆုံး ကိုးကွယ်ရာဟု
ယုံကြည်ကိုးစားသော စိတ်ဖြစ်ပေါ်ခ့လျှဲင်ပင် ၄င်း ပုဂ္ဂိုလ်သည် လောကီသရဏဂုံ တည်သွားပြီဖြစ်၍
ဗုဒ္ဓဘာသာဝင်တစ်ဦးဟု ခေါ်ဝေါ်ခြင်းခံထိုက်သွားပြီဖြစ်သည်… ဗုဒ္ဓမြတ်စွာ ဘုရားက ဗုဒ္ဓဘာသာဝင်များ
နှင့် အမည်ခံဗုဒ္ဓဘာသာ ၀င်တို့အကြား အနှစ်သာရခြင်း ကွာခြားမှုကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက
(အောက်တန်းစား ဗုဒ္ဓဘာသာဝင်)နှင့် ပဒုမ္မာကြာနှင့်တူသော ဥပါသက (အထက်တန်းစားဗုဒ္ဓဘာသာဝင်)
များဟူ၍ ပိုင်းခြားသတ်မှတ်ခ့သဲ ည်…
အောက်ပါအင်္ဂါရပ်များနှင့် ပြည်စုံသူတို့ကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက (အောက်တန်းစား
ဗုဒ္ဓဘာသာဝင်) များအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်…
(၁) ရတနာမြတ်သုံးပါးကို အလွန်ကြည်ညိုမှုမရှိခြင်း ။
(၂) သီလမလုံခြုံခြင်း ။
(၃) အကြား ၊ အမြင် စသောလောကီမင်္ဂလာကိုပြုလုပ်လေ့ ရှိခြင်း ။(ဥပမာ -ဗေဒင် ယတြာကို
ပြုလုပ်ခြင်း)
(၄) အကြား ၊ အမြင်စသော လောကီမင်္ဂလာကိုယုံကြည်၍ ကံကိုမယုံခြင်း ။(ဥပမာ - ဗေဒင် ယတြာကို
ယုံကြည်ခြင်း )
(၅) သာသနာပ၌ အလှူခံရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည်
သေချာသုံးသပ်ကြည့်လျှင် ဒွန်းစဏ္ဍားနှင့်တူသော ဥပါသက (အောက်တန်းစားဗုဒ္ဓဘာသာဝင်) များသည်
ရတနာမြတ်သုံးပါး အပေါ် မိမိ အသိဥာဏ်ပညာနှင့်ယှဉ်သော ကြည်ညိုသဒ္ဓါစိတ်မရှိခြင်း ဗုဒ္ဓ၏လမ်းညွှန်
အဆုံးအမများအပေါ် ယုံယုံကြည်ကြည် လိုက်နာလေ့မရှိခြင်း ဖြစ်သည် ။ ထို့ကြောင့် ကိုယ်ကျင့်သီလ
ဆိုင်ရာ ဗုဒ္ဓ၏ လမ်းညွှန်ချက်များ ပညတ်ချက်များကို မသိကျိုးကျွံပြု၍ အခွင့်သာတိုင်း ချိုးဖောက်လေ့
ရှိသည်.. မိမိကိုယ်ကိုသာ အားထားရာဆိုသော ဗုဒ္ဓ၏ ဒေသနာတော်ကို ကျောခိုင်းပြိး ဖြတ်လမ်းမှ
ကြီးပွားမည့်နည်းကိုရှာကြသည် ကြားရသောအသံ ၊ မြင်ရသော အဆင်းတို့ကို စွဲ၍ အတိတ်နမိတ်
ကောက်ယူလေ့ ရှိသောအယူအဆများကို ယုံကြည်စွဲလမ်းသည် ဗေဒင် ယတြာ ဓာတ်ရိုက် ဓာတ်ဆင် ၊
အတိတ်တဘောင် စသည်တို့ကိုအားကိုးသည်… မိမိစေတနာမှ ပေါက်ဖွားလာသော ကံ၏ အကျိုးပေးမှု
ကို မယုံကြည်ပဲ မကောင်းသောစေတနာကိုမွေးပြီး ကောင်းသောရလဒ်ကိုသာ လိုချင်ကြသည် ။
ထို့ကြောင့် စစ်မှန်သော ဗုဒ္ဓသာသနာတော်မှ သွေဖည်ယိမ်းယိုင်နေသည့် ကယ်တင်စောင်မနိုင်သည်
ဆိုသူများကို အားကိုးတစ်ကြီး ကိုးကွယ်ပူဇော်ကြသည် သူရဿတီဘိုးတော်များ သာသနာပမယ်တော်
များ ၊ နတ်စာရင်းမ၀င်သော သုံးဆယ့်ခုနစ်မင်းနတ်များ ၊ ဗေဒင်ဆရာများ ထိုသူများကို ဆည်းကပ်လေ့
ရှိကြသည်။
ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခ့သဲ ည့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်နှင့်အညီ လိုက်နာ
နေထိုင်ကျင့်ကြံရန်ကား စိတ်ကူးထဲပင် မထည့်ကြပင်…. ဗုဒ္ဓဘုရားရှင်က အောက်ပါ အင်္ဂါရပ်များနှင့်
ပြည့်စုံသူများကိုမူ ပဒုမ္မာကြာနှင့်တူသော ဥပါသက( အထက်တန်းစားဗုဒ္ဓဘာသာဝင်)များ အဖြစ်
သတ်မှတ်တော်မူခ့သဲ ည်။
(၁) ရတနာသုံးပါးကို မမှိတ်မသုန် ကိုးကွယ်ကြည်ညိုခြင်း ။
(၂) သီလ လုံခြုံခြင်း ။
(၃) လောကီမင်္ဂလာကို မပြုလုပ်ခြင်း ။
(၄) အကြား ၊အမြင်စသော လောကီမင်္ဂလာကို မယုံဘဲကံကိုသာ ယုံကြည်ခြင်း ။
(၅) သာသနာတွင်း၌သာ အလှူခံပုဂ္ဂိုလ်ရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည် ။
အထက်ကဖော်ပြခ့တဲ့ဲ ဒနွ်းစဏ္ဍားနှင့်တူသော ဥပါသကများနှင့် ပြောင်းပြန်ဖြစ်သည်။ ပဒုမ္မာကြာနှင့်
တူသော ဥပါသကများသည် ရတနာမြတ်သုံးပါး အပေါ်အသိဥာဏ်ပညာနှင့် ယှဉ်လျက် မမှိတ်မသုန်
ကိုးကွယ်ကြည်ညို သောကြောင့် ဗုဒ္ဓ၏ အဆုံးအမစကားတော်များနှင့်အညီ လိုက်နာကျင့်သုံး
နေထိုင်လေ့ ရှိကြသည်။ ထို့ကြောင့် ကိုယ်ကျင့်သီလမြဲမြံသည် မိမိဘ၀ကြီးပွားတိုးတက်ရေးအတွက်
မိမိကိုယ်ပိုင် ကံ ၊ ဥာဏ် ၊ ၀ီရိယမှတစ်ပါး အခြားကိုးကွယ်ရာ မရှာတော့ပေ… မှန်ကန်စွာ ကျင့်ကြံ
မှန်ကန်စွာပြောဆိုပြီး ၊ မှန်စွာလုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်သဖြင့် မည်သူ့ကိုမျှ ထိတ်လန့်ခြင်း
ကြောက့်ရြွံခင်း မဖြစ်တော့ပေ။ ထိုသူမျိုးသည် ပြဿဒါး ရက်ရာဇာ စသည့်တို့ကိုထည့်စဉ်းစား နေစရာ
မလိုတော့ပါ။ ထို့အတူဗေဒင် ၊ ယတြာ ၊ နတ်များ ၊ ဘိုးတော် များကိုလည်း ကိုးကွယ် အားကိုးခြင်း
မရှိတော့ပါ ။ဘုရား ၊ တရား ၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်
နေသူ ဖြစ်၍အခြားမည်သည့် အယူဝါဒမတူသူက ခြောက်ပြီး မြှောက်ပြီး ဆွဲဆောင်စေကာမူ ကြောက်ခြင်း
မြောက်ခြင်း မဖြစ်တော့ပဲ စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ရာသက်ပန်မတုန်မလှုပ် နေထိုင်
ကျင့်ကြံသွားသူများပင် ဖြစ်သည်..အခုဆိုရင် စာဖတ်သူများ အနေဖြင့် အထက်တန်းစား ဗုဒ္ဓဘာသာဝင်
နှင့် အောက်တန်းစားဗုဒ္ဓဘာသာဝင် ဘယ်လိုကွဲပြားခြားနားတယ်ဆိုတာ နားလည်သဘောပေါက်
လောက်ပါပြီ။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသူများအနေဖြင့် မိမိတို့ကိုယ် မိမိတို့
အထက်တန်းစား ဗုဒ္ဓဘာသာဝင်များလော အောက်တန်းစားဗုဒ္ဓဘာသာဝင်များလောဟုပြန်လည်ဆန်းစစ်
ကြည့်သင့်ပေသည် ။ အထက်တန်းစား ဗုဒ္ဓဘာသာဝင်များ ဖြစ်လာအောင်လည်း ကြိုးပမ်းသွားဖို့ အထူး
လိုအပ်လှပေသည်ဟု တိုက်တွန်းရင်း ကျနော့်ဆွေးနွေးချက်ကို ဒီမှာပဲ နိဂုံးချုပ် လိုက်ပါတယ်
အထက်တန်းစား ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါစေဗျာ……
ဆရာဝင်းသိန်းဥိး ရေးသားတဲ့ ရှေးဘ၀နောက်ဘ၀ ဗုဒ္ဓမဝေဖန် နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ
ကိုးကား ရေးသားပါသည်။
ဗဒု ဘ္ဓာသာဝငတ် စေ် ယာကရ်ဲ့  အဓကိ ရညရ် ယွ ခ်ျက် ပန်းတငို
ဆရာတော် အရှင်ဇ၀နရေးသားထားတဲ့ မျက်ရည်မကျခင် သိစေချင်ဆိုတဲ့ စာအုပ်မှ ကူးယူ ဖော်ပြခြင်း
ဖြစ်ပါတယ်ခင်ဗျာ။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိမိတို့ရဲ့  အဓိက ရည်ရွယ်ချက်
ပန်းတိုင်ကိုသိစေချင်တဲ့ စေတနာနဲ့ ပြန်လည်ရေးသားဖော်ခြင်းပါ စာအရေးအသား အနှစ်အရသာ
ပျက်မှာစိုး၍ ဆရာတော် ရေးသားထားသည့်အတိုင်း ဖော်ပြလိုက်ပါတယ်။
ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်ပန်းတိုင်ကား မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ကိုရကာ နိဗ္ဗာန်ကို
မျက်မှောက်ပြုရေးပင် ဖြစ်ပါ၏ ။ လောက၌ ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက်ကြောင့်ပင်
ဖြစ်၏ ။ ထို့ကြောင့်လည်း စလင်းကန်လယ်ဆရာတော်ဘုရားကြီးက……
အိုလူများတို့ ၊ ဘုရားအရှင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ ဘာဝမ်းနည်းစရာ ရှိသလဲ ၊ ယခုအခါ
ဓမ္မက္ခန္ဓာ ဘုရားတွေအများကြီး ရှိသေး၏။ ကံ ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူ၍သာ အေးစက်စက်နေကြလျှင်
အများကြီးနစ်နာကြလိမ့်မည် ။ စာမတက်လို့ ဘာမတက်လို့ လဲမလုပ်ကြပါနှင့် ၊ ဆရာကောင်းနှင့်
တေ့လျွှင် ရနိုင်ပါသည် ။ သို့အတကွ် အိုလူများတို့ ၊ ယခုအခါ ကံ ပါရမီကိုမေးရန် မလိုပါ ။
ရှင်ဘုရင်သားဖြစ်ပြီး အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလိုပါ ။မုတ်ဆိတ်ပျားစွဲသူသည်
တခြားသွားပြီးပျားဖွတ်ရန်မလို ၊ ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်နဲ့ မထွက်သော် ၊
ကံပါရမီချဖွယ်မလို ၊ အညစ်အကြေးလူးသူသည် ရေစင်ရှိလျက်မဆေးသော် ရေ၌အပြစ်ဆိုဖွယ်ရာမလို ၊
မိမိကသာဖျင်းလို့ ၊ အ လို့ န လို့ ဖြစ်သည် ။ အသေနည်းသေးတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏ ။
ကြောက်ကြ ၊ လန့်ကြ ၊ ထိတ်ကြ ၊ အိုလူများတို့ ၊ သို့အတွက် တရားအားထုတ်ကြပါကုန်လော့ ။
ဟူ၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို အားထုတ်ကြရန် အရေးတကြီး
တိုက်တနွ်းတော်မူခ့ပဲါသည် ။
မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသော လူ့ဘ၀မှ အနှစ်သာရထုတ်ခြင်းတစ်ခုပင် ဖြစ်၏ ။
ထိုက့သဲို့ အနှစ်သာရ ထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀တန်ဖိုး ၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးတို့ကို
သိရန်လိုအပ်ပါသည် ။

Friday 19 August 2011

မြတ်ဗုဒ္ဓ၏စကားကြီးဆယ်ခွန်း


ကာလာမတို့-
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတခု လက်မခံလိုက်နဲ့ဦး။
၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ဦး။
၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။
၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။
၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။
၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။
၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။

( ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ )
ကာလာမတို့-ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။
အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ ပယ်လိုက်ကြပေါ့။

ကာလာမတို့-သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည် အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။ ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ာကပါ။
ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတမျိုး ဖြစ်ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။

Thursday 18 August 2011

ကံဟူသည်မှာ ....

ကံဟူသည်
ကံဆိုသည်မှာ ပါဠိဘာသာ ကမ္မမှ ဆင်းသက်လာသော မြန်မာဝေါဟာရဖြစ်သည်။ ပြုလုပ်ခြင်း-ဟု အဓိပ္ပါယ်ရသည်။ ထိုပြုလုပ်ခြင်းဟူသော ကံသည်
(က) ကာယကံ-ကိုယ်ဖြင့်ပြုလုပ်ခြင်း။
(ခ) ၀စီကံ-နှုတ်ဖြင့်ပြောဆိုခြင်း။
(ဂ) မနောကံ-စိတ်ဖြင့်ကြံစည်ခြင်း-ဟူ၍ သုံးမျိုးရှိသည်။
ထိုသုံးမျိုးသည် စေတနာအရင်းခံ၍ ဖြစ်ပေါ်လာရသောကြောင့် စေတနာကို ကံ-ဟု ခေါ်သည်။

လောက၌ အလုံးစုံသော သတ္တ၀ါဟူသမျှတို့ကို အယုတ်, အလတ်, အမြတ် စသည် ထူးခြားကွဲပြားအောင် ကံကပင် စီမံဖန်တီးပေးသည်။ ကံ၏အကျိုးတရားကြောင့်ပင် တဦးနှင့်တဦး မတူကွဲပြား ခြားနားကြသည်။ အချို့က အမြင့်သို့ ရောက်သည်။ အချို့ အနိမ့်သို့ရောက်သည်။
အချို့က ကြွယ်ဝချမ်းသာသည်။ အချို့က ဆင်းရဲချို့တဲ့သည်။
အချို့က အသက်ရှည်သည်။ အချို့က အသက်တိုသည်။
အချို့က လှပတင့်တယ်သည်။ အချို့က လှပတင့်တယ်ခြင်းမရှိ။
အချို့က ပညာဉာဏ်ကြီးသည်။ အချို့က ပညာဉာဏ် နည်းသည်။
ဤသို့လျှင် တဦးနှင့်တဦး မတူကွဲပြား ခြားနားသည်မှာ ကံ၏အကျိုးပေးအရ ဖြစ်သည်။

ကံနှင့်ပတ်သက်၍ ဗုဒ္ဓဘုရားရှင်က ကောင်းမှုလုပ်သူ ကောင်းကျိုးရ၏။ မကောင်းမှုလုပ်သူ မကောင်းကျိုးရ၏။ အကြင်မျိုးစေ့ကို စိုက်ပျိုး၏။ ထိုအသီးကို သုံးဆောင်ရ၏-ဟူ၍ ဆုံးမတော်မူခဲ့ပေသည်။
ထို့ကြောင့် အကျွန်ုပ်တို့သည် ကောင်းသောအကျိုးကျေးဇူးကို ခံစားရရှိနိုင်ရန် ကောင်းသောအမှုကို ပြုကြရပေမည်။ မကောင်းသောအကျိုးမှ လွဲဖယ်စေရန် မကောင်းသောအမှုကို ရှောင်ရှားကြရပေမည်။

ကံတွင် အတိတ်ကံ၊ ပစ္စုပ္ပန်ကံဟူ၍ နှစ်မျိုးရှိသည်။ ထိုကံနှစ်မျိုးလုံးပင် အရေးကြီးသည်။ သာသနာတွင် နေလိုလလို ထင်ရှားသော ဆရာတော်မထေရ်ကြီးများတွင် တပါးအပါအ၀င်ဖြစ်သည့် စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်ဘုရားကြီးက-
ကံကလဲ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ နှစ်မျိုးရှိတယ်ကွဲ့။ နှစ်မျိုးစလုံး အရေးကြီးသော်လည်း ပစ္စုပ္ပန်ကံကိုက ပိုအရေးကြီးတယ်ကွဲ့။ ဘာကြောင့်လဲဆိုတော့ အတိတ်ကံက အတိတ်ဘ၀က ပြုလုပ်ပြီးသားမို့ အကျိုးပေးချင်နေတာ။ အကျိုးပေးဖို့ အခွင့်အခါကို စောင့်နေတာ။ ပစ္စုပ္ပန်ကံကို ပြုလုပ်ဖို့လိုတယ်။ ပစ္စုပ္ပန်ကံကို ကောင်းမွန်စွာ ပြုလုပ်လိုက်လျှင် အတိတ်ကံက အကျိုးပေးလိုက်မှာပဲ။ အတိတ်ကံကတော့ လူတိုင်းမှာ ရှိကြပြီးသား။ ပစ္စုပ္ပန်ကံက နည်းနေကြလို့သာ အကျိုးမပေးကြသေးတာ။
လောကီလောကုတ် နှစ်ပါးမှာ မကြီးပွားသူ၊ အကျိုးမပေးသူ မှန်သမျှ ပစ္စုပ္ပန်ကံ နည်းကြလို့သာ မှတ်ပေတော့။

ဥပမာ-နွားခြံကြီးတခု ဆိုပါတော့။ အတိတ်ကံက နွားခြံကြီးအတွင်းရှိတဲ့ နွားတွေနဲ့ တူတယ်ကွဲ့။ ပစ္စုပ္ပန်ကံကတော့ ခြံတံခါးနဲ့ တူတယ်ကွဲ့။ ခြံအတွင်းက နွားတွေဟာ ခြံတံခါးပိတ်ထားလို့သာကွဲ့။ ခြံတံခါး ဖွင့်လျှင်ဖွင့်ချင်း ထွက်ဖို့ အဆင်သင့်ပဲကွဲ့။ အဲဒါကြောင့် လောကုတ် လောကီ နှစ်လီလုံး အကျိုးပေးချင်သူ ကြီးပွားချင်သူ မှန်သမျှ ပစ္စပ္ပန်တံခါးကို ပိတ်မထားနဲ့ကွဲ့။ ပစ္စုပ္ပန်တံခါးဖွင့်ရန် လုံ့လ၀ီရိယ ထက်သန်စွာ ကြိုးစားရမယ်ကွဲ့-ဟူ၍ သြ၀ါဒပေးတော်မူခဲ့သည်။ မှတ်သားလိုက်နာဖွယ် ဖြစ်ပေသည်။

သင်ကိုယ်တိုင်ရွေးချယ်ဖို့လမ်းနှစ်သွယ် ...


တကယ်တော့ လူ့ဘ၀ဆိုတာဟာ သုဂတိလမ်းနဲ့ ဒုဂ္ဂတိလမ်းနှစ်သွယ်ရဲ့ အလယ်တည့်တည့်မှာ ရှိပါတယ်။ လမ်းစုံရောက်နေတဲ့သူတစ်ယောက်အနေနဲ့ မိမိသွားရောက်ချင်တဲ့ လမ်းကို မိမိကိုယ်တိုင် ရွေးချယ်လျှောက်လှမ်းခွင့်ရှိပါတယ်။ လျှောက်လှမ်းစရာကလည်း ဒီနှစ်လမ်းပဲ ရှိတာမဟုတ်လား။ ဒီတော့ တစ်လမ်းမဟုတ် တစ်လမ်းကိုတော့ မလွဲမသွေ လျှောက်လှမ်းရမှာပဲ။ သုဂတိလမ်းကို အတက်လမ်းလို့ဆိုပြီး ဒုဂ္ဂတိလမ်းကိုတော့ အဆင်းလမ်းလို့ ဆိုပါစို့….။ အထက်လမ်းကို တက်လှမ်းလျှောက်သွားမယ်ဆိုရင်တော့ သုဂတိဘုံဖြစ်တဲ့ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာ့ပြည်နှစ်ဆယ်တို့မှာ စံစားရမှာပါ။ အဆင်းလမ်းကို သက်ဆင်းသွားမယ်ဆိုရင်တော့ ဒုဂ္ဂတိဘုံဖြစ်တဲ့ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဘ၀တွေမှာ ခံစားရမှာပါ။ မတူတဲ့ လမ်းနှစ်ခုဆီရဲ့ ကွဲပြားတဲ့ ပန်းတိုင်တွေပေါ့။

ဒီတော့ မိမိအနေနဲ့ ဘယ်လမ်းကို လျှောက်လှမ်းချင်လဲ……..။ အတက်လမ်းကိုလား လျှောက်လှမ်းချင်သလား၊ အဆင်းလမ်းကိုပဲ လျှောက်လှမ်းချင်သလား၊ ပန်းခင်လမ်းကို သက်သက်သာသာ လျှောက်လှမ်းချင်သလား၊ ဆူးခင်းလမ်းကို ပင်ပင်ပန်းပန်း လျှောက်လှမ်းချင်သလား။ မိမိမှာ ရွေးချယ်ခွင့် အပြည့်အ၀ရှိပါတယ်။

အဆင်းလမ်းကတော့ လျောဆင်းသွားလိုက်ရုံပါပဲ။ လွယ်လွယ်ကူကူနဲ့ ခုန်ချလိုက်လို့လည်း ရပါတယ်။ အတက်လမ်းကို လျှောက်လှမ်းဖို့ကတော့ သိပ်ကို ခဲယဉ်းလွန်းလှပါတယ်။ လွယ်လွယ်ကူကူနဲ့ ခုန်တက်လို့ မရပါဘူး။ အထက်တက်ဖို့အတွက်တော့ လှေကားတော့ လိုပါလိမ့်မယ်။ ဒါကြောင့်လည်းပဲ လောကလူသားတွေဟာ အလွယ်လမ်းကိုပဲ လိုက်တတ်တာများပါတယ်။ အားစိုက်မထုတ်ရဘဲ လွယ်လွယ်ကူကူပဲ ခုန်ချသွားတတ်တာများပါတယ်။ ဒါကြောင့် အထက်လမ်းကို တက်လှမ်းသူ အရေအတွက်က အလွန်နည်းပြီး အဆင်းလမ်းကို သက်ဆင်းသွားသူတွေကတော့ အင်မတန်များပါတယ်။ ဒါကို ဗုဒ္ဓမြတ်စွာက အတက်လမ်းကို လျှောက်လှမ်းကာ တက်လှမ်းသွားသူက အလွန်နည်းပါးပြီး အဆင်းလမ်းကို လျှောက်လှမ်းသက်ဆင်းသွားသူများသာ မရေမတွက်နိုင်အောင် များတယ်ဆိုတာကို နခသိခသုတ်တော်မှာ ဟောကြားတော်မူခဲ့ပါတယ်။

တစ်ခါက ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်ရဲ့ လက်သည်းတော်ပေါ်မှာ မြေမှုန့်တို့ကို တင်ထားတော်မူပြီး ရဟန်းတို့ကို အခုလို မေးမြန်းတော်မူပါတယ်။

“ရဟန်းတို့………၊ မဟာပထ၀ီမြေကြီးပေါ်မှာ ရှိတဲ့ မြေမှုန့်တွေနဲ့ ငါဘုရား၏ လက်သည်းတော်ပေါ်မှာ တင်ထားတဲ့ မြေမှုန့် အဘယ်က ပိုများသလဲ”

“ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား….ရှင်တော်ဘုရား၏ လက်သည်းတော်ပေါ်မှာ တင်ထားတဲ့ မြေမှုန့်နဲ့ ဟောဒီ မဟာပထ၀ီမြေကြီးပေါ်မှာရှိတဲ့ မြေမှုန့်ဟာ ဘယ်လိုမှ နှိုင်းယှဉ်စရာ မရှိပါဘူးဘုရား…..၊ မဟာပထ၀ီမြေကြီးပေါ်က မြေမှုန့်ဟာ အဆမတန်များပြားပြီး ရှင်တော်ဘုရား၏ လက်သည်းတော်ပေါ်မှာ တင်ထားတဲ့ မြေမှုန့်ဟာ အင်မတန်မှ နည်းပါးလွန်းလှပါတယ်ဘုရား” ဆိုပြီးတော့ ရဟန်းတော်များက ပြန်လျှောက်ကြားကြပါတယ်။

ဒီတော့ ဗုဒ္ဓမြတ်စွာက “ချစ်သား ရဟန်းတို့……..၊ ထို့အတူပဲ တစ်နေ့တစ်နေ့မှာ သေဆုံးသွားကြတဲ့ သတ္တ၀ါအပေါင်းတို့တွင် သုဂတိဘုံသို့ ရောက်ကြကုန်သော သတ္တ၀ါတို့ကား ငါဘုရား၏ လက်သည်းတော်ပေါ်မှာ တင်ရှိနေတဲ့ မြေမှုန့်ကဲ့သို့ အလွန်နည်းလှကုန်၏။ အပါယ်ဒုဂ္ဂတိဘုံသို့ ကျရောက်ကြကုန်သော သတ္တ၀ါတို့ကား မဟာပထ၀ီမြေကြီးရှိ မြေမှုန့်တို့ကဲ့သို့ အလွန်တရာမှ များပြားလှကုန်၏။” လို့ ဟောကြားတော်မူခဲ့ပါတယ်။

တကယ်တော့ မိမိစိတ်ကို မိမိမပိုင်သူတွေ၊ မိမိစိတ်ကို မိမိမနိုင်သူတွေဟာ လွယ်ကူတဲ့ အဆင်းလမ်းကိုကို လျှောက်လှမ်းမိကြတာများပါတယ်။ အ၀ိဇ္ဇာပိတ်ဖုံးမှု့ကြောင့် မကောင်းတဲ့ ဒုစရိုက်အမှု့တွေကို ပြုလုပ်မိစေပြီးတော့ ကောင်းတဲ့ သုစရိုက်တရားတွေကို မပြုလုပ်မိအောင် အမှောင်ဖုံးလွှမ်းထားတာကြောင့်ပါ။ အရေးကြီးဆုံးကတော့ စိတ်ပဲ ဖြစ်ပါတယ်။ စိတ်ကခိုင်းစေတာကို လိုက်ပြီးလုပ်တတ်ကြပါတယ်။ ပြောတတ်ကြပါတယ်။ စိတ်ထားကောင်းတွေ မွေးဖို့၊ စိတ်ထားတွေ မပျက်စီးစေဖို့၊ မကောင်းတဲ့စိတ်တွေ မဖြစ်စေဖို့၊ မကောင်းတဲ့စိတ်တွေ မမွေးမိကြစေဖို့ အင်မတန်အရေးကြီးပါတယ်။ လောဘရဲ့စေရာ၊ ဒေါသရဲ့ ကြိုးဆွဲရာ၊ မောဟရဲ့ ဖုံးလွှမ်းရာနောက်ကို အစဉ်လိုက်နေတဲ့ စိတ်ကို သူတို့စေရာမပါအောင် မိမိစိတ်ကို ပိုင်အောင်၊ မိမိစိတ်ကို နိုင်အောင် အားထုတ်နိုင်ပါမှ အထက်လမ်းကို ရောက်မှာပါ။

တစ်ခါက ဗုဒ္ဓမြတ်စွာသည် အနာထပိဏ်သူဌေးကြီးကို “သူကြွယ်…..စိတ်ပျက်စီးရင် ကိုယ်မှု၊ နှုတ်မှု့၊ စိတ်မှု့တို့ကို ပျက်စီးစေတယ်၊ ကံသုံးပါး ပျက်စီးနေတဲ့သူရဲ့ သေခြင်းဟာလည်း ကောင်းတဲ့သေခြင်း မဖြစ်ဘူး။ စိတ်မပျက်စီးရင် ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့လည်း မပျက်စီးနိုင်ဘူး၊ ကံသုံးပါး မပျက်စီးတဲ့သူရဲ့ သေခြင်းဟာ ကောင်းတဲ့သေခြင်းဖြစ်တယ်။” လို့ အင်္ဂုတ္တရနိကာယ် ဗျာပန္နသုတ်တော်မှာ ဟောတော်မူခဲ့ပါတယ်။

မကောင်းတဲ့စိတ်တွေဖြစ်နေပြီဆိုရင် စိတ်ဓာတ်တွေ ပျက်စီးနေပြီဆိုရင် လုပ်သမျှ ပြောသမျှ ကြံသမျှဟာလည်းပဲ မကောင်းတဲ့ အလုပ် မကောင်းတဲ့ အပြော မကောင်းတဲ့ အကြံတွေပဲ ဖြစ်လာမှာမလွဲပါဘူး။ မကောင်းတဲ့ အလုပ် မကောင်းတဲ့ အပြော မကောင်းတဲ့ အကြံတွေကို လုပ်မိ ပြောမိ ကြံမိရင် ဘာဖြစ်မှာလဲလို့ မေးစရာရှိလာပါတယ်။ ဒီအတွက်လည်း ဗုဒ္ဓမြတ်စွာက အရှင်အာနန္ဒာကို အခုလို ဟောကြားတော်မူခဲ့ပါသေးတယ်။

“ချစ်သား အာနန္ဒာ………. ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်တို့ကို ၊ငါဘုရားက စင်စင်အားဖြင့် မပြုအပ်ဘူးလို့ ဟောကြားထားတော်မူတယ်။”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား…..မြတ်စွာဘုရားက စင်စစ်မပြုအပ်ဘူးလို့ ဟောကြားထားတော်မူတဲ့ ဒီ ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တွေကို ပြုလုပ်ရင် ဘာတွေများဖြစ်လာမလဲလို့ မျှော်လင့်ရပါသလဲဘုရား။”

“ချစ်သား အနန္ဒာ….၊ ငါဘုရားက စင်စစ်မပြုအပ်ဘူးလို့ ဟောကြားထားတဲ့ မကောင်းတဲ့ ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုလုပ်ရင် မိမိကိုယ်တိုင်လည်း စွပ်စွဲတယ်၊ ပညာရှိတို့ကလည်း ကဲ့ရဲ့ကုန်တယ်၊ မကောင်းတဲ့သတင်း ကျော်စောခြင်းလည်းဖြစ်တယ်။ သေတဲ့အခါမှာလည်း တွေဝေပြီးသေရတယ်၊ သေပြီးတဲ့ နောက်မှာလည်း အပါယ်ငရဲမှာ ကျရောက်တတ်တယ်။ ဒီအပြစ်တွေကို မလွဲမသွေ မုချရရှိလိမ့်မယ်လို့ မျှော်လင့်အပ်တယ် ချစ်သား”

“အပြစ်ကင်းတဲ့ ကာယသုစရိုက် ၀စီသုစရိုက် မနောသုစရိုက်တို့ကို ပြုလုပ်မယ်ဆိုရင်တော့ ထိုကောင်းမှု့တွေအတွက် သေလွန်ပြီးတဲ့နောက်မှာ သုဂတိဘုံဘ၀သို လားရောက်ရတယ်။”လို့ ဟောကြားပါတယ်။

ဗုဒ္ဓမြတ်စွာရဲ့စကားတော်ကို ကြည့်ခြင်းအားဖြင့် စိတ်ဓာတ်တွေပျက်စီးပြီး ဒုစရိုက်အမှု့တွေကို လွန်ကျူးမိကြသူများဟာ အဆင်းလမ်းဖြစ်တဲ့ ငရဲလမ်းကို လျှောက်လှမ်းရမယ်ဆိုတာ နားလည်နိုင်ပါတယ်။

အထက်ကို တက်လှမ်းဖို့အတွက် လှေကားတစ်ခုတော့ လိုတယ်လို့ အထက်မှာဆိုခဲ့ပါတယ်။ ဘယ်လိုလှေကားမျိုးလဲဆိုတာကတော့ သီလလှေကားကို ဆိုလိုတာပါ။ “သုဂတိဘုံသို့ တက်လှမ်းဖို့ရာ သီလနဲ့တူတဲ့ စောင်းတန်းလှေကားဆိုတာ မရှိပါဘူး။ နိဗ္ဗာန်ရွှေပြည်တော်ကြီးသို့ ၀င်ရောက်ဖို့ဆိုတာလည်း သီလနဲ့တူတဲ့ တံခါးပေါက်ဆိုတာ မရှိပါဘူး။” လို့ ဗုဒ္ဓဟောကြားတော်မူခဲ့ပါတယ်။

ဒီတော့ အထက်လမ်းကို တက်လှမ်းဖို့ကတော့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။ သီလဆိုတာက ကိုယ်နှင့် နှုတ်ကို စောင့်ထိန်းခြင်းလို့ဆိုပါတယ်။ ကိုယ်ဖြင့် ကာယဒုစရိုက်သုံးပါးကို မလွန်ကျူးမိစေဖို့၊ နှုတ်ဖြင့် ၀စီဒုစရိုက်လေးပါးကို မဖောက်ပြားမိစေဖို့ စောင့်ထိန်းသင့်ပါတယ်။ ဒါကြောင့် လူပုဂ္ဂိုလ်များအနေနဲ့ဆိုရင်လည်း အနည်းဆုံးငါးပါးသီလကိုတော့ ခါးဝတ်ပုဆိုးကဲ့သို့ လုံခြုံအောင် မြဲမြံအောင် စောင့်ထိန်းသင့်ပါတယ်။ ရဟန်းပုဂ္ဂိုလ်များအတွက်လည်း ရဟန်းသီလကို မပျောက်ပျက်အောင် စောင့်ထိန်းသင့်ပါတယ်။ အဘိဓမ္မာသဘောအရ ကိုယ်ဖြင့် ပြုလုပ်ခြင်း နှုတ်ဖြင့်ပြောဆိုမိခြင်းဆိုတာတွေဟာ စိတ်ကြောင့်သာ ဖြစ်လာရတာမို့ မိမိရဲ့စိတ်ကို ကောင်းမြတ်တဲ့စိတ်ထားဖြစ်ဖို့ကလည်း အင်မတန်မှ အရေးကြီးပါတယ်။

စိတ်တွေ အပြစ်ကင်းနေမယ်ဆိုရင်၊ စိတ်တွေသန့်စင်နေမယ်ဆိုရင်၊ စိတ်ထားတွေ စင်ကြယ်နေမယ်ဆိုရင် အလုပ်ကောင်း အပြောကောင်းတွေကို လုပ်မိ ပြောမိလာမှာပါ။ အလုပ်ကောင်းတွေ အပြောကောင်းတွေ ပြောဆိုမိလာပြီဆိုရင်လည်း အပြစ်ကင်းတဲ့ သီလကုသိုလ်တွေ ပြုလုပ်ရာ စောင့်ထိန်းရာရောက်တဲ့အတွက်ကြောင့် အထက်လမ်းကို မုချ ရောက်ရှိမှာသေချပါတယ်။

သေမင်းနဲ့ အချိန်းအချက် ရက်အတိအကျမရှိတာကြောင့် အချိန်မရွေးသေခြင်းတရားနဲ့ ကြုံတွေ့နိုင်ပါတယ်။ ဒီတော့ မကောင်းတဲ့ အလုပ်တွေလုပ်နေရင်း၊ မကောင်းတဲ့ စကားတွေ ပြောဆိုရင်း အပြစ်မကင်းတဲ့ အတွေးတွေ တွေးကြံနေရင်းသာ တစ်နေ့တာကို အချိန်မကုန်စေသင့်ပါဘူး။ တွေးမိ ပြောမိ လုပ်မိနေတယ်ဆိုရင်လည်း သတိတရားလေးကပ်ပြီး ချက်ချင်း ပယ်ဖျောက်နိုင်အောင် ကြိုးစားအားထုတ်ရပါမယ်။ မကောင်းတဲ့ အလုပ်တွေကို ပယ်ဖျောက်ပြီးတဲ့နောက်မှာတော့ ချက်ချင်းပဲ ကောင်းတဲ့ အလုပ်တွေ၊ အကျိုးရှိတဲ့ ကောင်းတဲ့ စကားတွေ ကောင်းမြတ်တဲ့ အတွေးတွေကို တွေးဖို့ ပြောဖို့ လုပ်ဖို့လိုပါတယ်။

လောကကြီးကို စိတ်ကဦးစီးဦးဆောင်ပြုနေတယ်ဆိုတော့ အဓိကကတော့ စိတ်ကိုသာ စင်ကြယ်အောင် အမြဲတမ်း သီလတရားနဲ့ ဆေးကြောဖို့ သန့်စင်အောင် လုပ်ဖို့ လိုအပ်ပါတယ်။

မိမိဟာ လမ်းစုံတစ်နေရာမှာ ရောက်ရှိနေပါပြီ……..။ အဆင်းလမ်းကို လျှောက်လှမ်းချင်စိတ်ရှိတယ်ဆိုရင်တော့ အဆင်းလမ်းကို သင်ရွေးချယ် လျှောက်လှမ်းလို့ရပါတယ်။ အထက်လမ်းကို တက်လှမ်းဖြတ်သန်းချင်တယ်ဆိုရင်တော့ မိမိရဲ့စိတ်လေးကို အပြစ်ကင်းတဲ့စိတ်၊ သန့်ရှင်းတဲ့ စိတ်၊ မပျက်စီးတဲ့စိတ်လေးဖြစ်စေပြီး ဒါန၊ သီလ၊ ဘာဝနာ မြတ်ကောင်းမှု့ လုပ်ငန်းတွေကို ပြုလုပ်လိုက်ဖို့ပါပဲလေ…………။

Wednesday 17 August 2011

မြတ်စွာဘုရားဟောကြားတော်မူခဲ့သောပဌာန်း ( ၂၄ )ပစ္စည်းသည်ရွတ်ဖတ်ရုံသက်သက်မျှမဟုတ်ပါ



မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာတရားတော်သည် အလွန့်အလွန်
ခက်ခဲနက်နဲ ကျယ်ဝန်းသောကြောင့် နတ်ပြည်မှာ (၃)လx(၃၀)ရက်x(၂၄)နာရီပတ်လုံး
ဆက်တိုက် ဟောကြားတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်မှတဆင့် အရှင်သာရိပုတ္တရာက
(၁)နေ့(၁)နာရီခန့် အကျဉ်းကို မကျဉ်းမကျယ် ပြန်လည် ဟောတော်မူသော
အဘိဓမ္မာတရားသည်သာ လူ့ပြည်မှာပျံ့နှံ့သင်ကြား
ကျက်မှတ်ကျင့်ကြံနေကြခြင်းဖြစ်သည်။ ထိုအဘိဓမ္မာတရားတော်မှာ
(၇)ကျမ်းရှိသည့်အနက် ပဌာန်းတရားတော်တစ်ကျမ်းတည်းသည်ပင်
ကျယ်ဝန်းလွန်းလှသဖြင့် (၂၄)ပစ္စည်းသည်အနှစ်ချုပ်သာဖြစ်ပါသည်။
ထို(၂၄)ပစ္စည်းကို ရွတ်ဖတ်ရုံသက်သက်မျှမဟုတ်ဘဲ နားလည်သဘောပေါက်ပါမှ
လိုက်နာကျင့်ကြံသည့်အဆင့်ထိ တက်လှမ်းနိုင်ပေမည်။

(၂၄)ပစ္စည်းသည်ပဌာန်းကျမ်း၏် ဟောပုံဟောနည်း၌ပါဝင်သော
ပစ္စည်းများဖြစ်သည့်အတွက်ပဌာန်းကျမ်း၏်အနှစ်ချုပ်သာဖြစ်သည်။

ပဌာန်းကျမ်း၏ အနှစ်ချုပ်မှာ

ကမ္ဘာလောက (စကြ၀ဠာ) တစ်ခုလုံး၏ ရုပ်တရား၊ နာမ်တရားတွေ အကြောင်းအကျိုး
ဆက်နွယ်ဖြစ်ပျက်ပုံ အမျိုးမျိုးကို အသေးစိတ်
ဟောတော်မူထားသည့်ကျမ်းဖြစ်သည်။



ပစ္စယော=ပစ္စယ=ပစ္စည်း= ကျေးဇူးပြုခြင်း၊ အကျိုးပြုခြင်း

(၁) မဖြစ်ပေါ်သေးသည်ကိုဖြစ်ပေါ်စေခြင်း (သစ်စေ့မှသစ်ပင်ပေါက်ခြင်း)။ (၂)
ဖြစ်ပေါ်ပြီးသည်ကို တည်နေစေခြင်း
(ဆက်လက်ရှင်သန်အောင်ပြုစုပျိုးထောင်ခြင်း)၊ (၃) တည်နေသည်ကို
တိုးပွားစေခြင်း (ရှင်သန်ပြီး သစ်ပင်ကို တိုးပွားစည်ပင်စေခြင်း)



1ဟေတုပစ္စယော= ဟိတ်(၆)ပါးကြောင့် ဆိုင်ရာအကျိုးပေးခြင်း (ရေသောက်မြစ်နှင့်တူ၏)

လောဘ၊ ဒေါသ၊ မောဟ ဟိတ်(၃)ပါးကြောင့် အကုသိုလ်အကျိုးကျေးဇူးသာခံစားရမည်။

အလောဘ၊ အဒေါသ၊ အမောဟ ဟိတ်(၃)ပါး၏ အကျိုးကျေးဇူးကဲ့သို့
သန့်ရှင်းသန်မာကြီးထွားပြီး စိမ်းစိုလာပါမည်။
အလောဘဟိတ်-လာကီအာရုံကာမဂုဏ်တို့၌ တပ်မက်ခြင်းမရှိ၊ အဒေါသဟိတ်-မခက်ထန်
မကြမ်းတမ်း၊ အမျက်မရှိခြင်း ၊ အမောဟဟိတ်-မတွေဝေခြင်း၊ မှားယွင်းသော
အယူဝါဒကို ပယ်ခြင်း၊ မှန်သောတရားကို လက်ကိုင်ထားခြင်း



2အာရမ္မဏပစ္စယော=      အာရုံ(၆)ပါးအပေါ် မှီ၍ဖြစ်ရခြင်း (တောင်ဝှေး၊
ကြိုးတန်းနှင့်တူ၏)

အာရုံ(၆)ပါး-----၁။ အဆင်း(ရူပါရုံ)၊ ၂။ အသံ(သဒ္ဒါရုံ) ၃။ အနံ့(ဂန္ဓာရုံ) ၄။
အရသာ(ရသာရုံ) ၅။ အတွေ့အထိ(ဖောဌဗ္ဗာရုံ) ၆။ တခြားသိဖွယ်(ဓမ္မာရုံ)။ စိတ်၊
စေတသိက်တို့မှာလည်း အာရုံ(၆)ပါးမှ တစ်ခုခုကိုမှီပြီး  ကုသိုလ်စိတ်၊
အကုသိုလ်စိတ်၊ အကျိုးစိတ်၊ အကြောင်းအကျိုး လွတ်စိတ်တို့ ဖြစ်ပေါ်ရသည်။
မသန်မစွမ်းမမြင်ရသူတို့မှာ ကြိုးတန်း တောင်ဝှေးတို့ကိုသာ အမှီပြုပြီး
သွားလာ လှုပ်ရှားရသည်။



3အဓိပတိပစ္စယော=         ထိပ်ဆုံး၊ အမြင့်ဆုံးကဦးဆောင်ခြင်း(အကြီးဆုံး
ခေါင်းဆောင်ချုပ်နှင့်တူ၏)

၁။ ဆန္ဒာဓိပတိ= အလိုဆန္ဒအလွန်မြင့်မားခြင်း၊ ၂။ ၀ီရိယဓိပတိ=
လုံ့လစိုက်ထုတ်မှုကြီးမားခြင်း၊ ၃။ စိတ္တာဓိပတိ= စိတ်ဓာတ်ပြင်းထန်ခြင်း၊ ၄။
ဝီမံသာဓိပတိ= အသိညဏ်ပညာထက်မြက် အားကောင်းခြင်း၊ ပြိုင်ဘက်မရှိ
စကြမင်းအောက်မှာ လက်အောက်ခံမင်းများ ပြားပြား ၀ပ်နေရ သလိုအဓိပတိပစ္စည်း
တစ်ခုခုကသာ ခေါင်တပ်ပြီဆိုလျှင်ကျန် အဓိပတိ (၃)မျိုးသည် နောက်
လိုက်ဖြစ်သွားကြရသည်။



4အနန္တရပစ္စယော= တစ်ဆက်တည်းအကြားမရှိဖြစ်ပေါ်ခြင်း(စကြမင်းနတ်ရွာစံပြီးတစ်ပြိုင်နက်သားကြီးသည်ဘုရင်ဖြစ်လာသည်နှင့်တူ၏)

နိယာမ(အစဉ်အလာရှိသည့်)တရား(၅)ပါး- ၁။ စိတ္တနိယာမ၊ ၂။ ဥတုနိယာမ၊ ၃။
ဗီဇနိယာမ၊ ၄။ ကမ္မနိယာမ၊ ၅။ ဓမ္မနိယာမ တို့သည်
ဘယ်ဖန်တီးရှင်မှတားဆီး၍ဖန်ဆီး၍မရနိုင်ဘဲ နိယာမတရား
အတိုင်းအကြောင်းအကျိုးတစ်ဆက်တည်းဖြစ်ရသည်။ သားကြီး ဘုရင် ဖြစ်လာဖို့
စကြမင်းကြီး သေပေးရ သလို စိတ်အစဉ်တွေနောက်ကဆက်တိုက်ဖြစ်ဖို့ရှေ့ကစိတ်တွေ
ပျက်-ပျက်ပေးရသည်။



5သမနန္တရပစ္စယော=ကောင်းစွာတစ်ဆက်တည်းအတားအဆီးမရှိခြင်း(စကြမင်းတောထွက်ရာ
သားကြီးဘုရင်ဖြစ်သည်နှင့်တူ၏)

စကြ၀တေးမင်းသည် အရည၀ါသီတောရပ်မှီသောအခါ သားကြီးရတနာမှာ တစ်ဆက်တည်း
အကြားမရှိ ကောင်းစွာ ဘုရင် ဖြစ်သကဲ့သို့စိတ်များ ဆက်ကာဆက်ကာ (တစ်စိတ်တည်း
ထင်ရလောက်အောင်) ကောင်းစွာဖြစ်ပေါ်စေသည်။



6သဟဇာတပစ္စယော=တစ်ပြိုင်နက်တည်း အတူတကွဖြစ်ပေါ်ခြင်း
(မီးထွန်းလိုက်သည်နှင့် တစ်ပြိုင်နက် မီးရောင်ဖြစ် ပေါ်လာ သည် နှင့်တူ၏)

မီးနှင့်မီးရောင်မည်သည်က အရင်ဖြစ်ခြင်းမရှိ။ မီးနှင့်အလင်းရောင် အတူတကွ
ကျေးဇူပြုသလို နာမ်ခန္ဓာလေးပါး(ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သခါင်္ရက္ခန္ဓာ၊
ဝိညာဏက္ခန္ဓာ) တို့သည်အတူတကွ တစ်ပြိုင်နက်တည်းကျေးဇူးပြုကြသည်။



7အညမညပစ္စယော=       အချင်းချင်း အပြန်အမှန်မှီရခြင်း
(သုံးချောင်းထောက်ခွေးခြေခုံနှင့်တူ၏)

(၃)ချောင်းထောက်ခွေးခြေခုံမှာ တစ်ချောင်းနှင့်တစ်ချောင်း အပြန်အလှန်
ထောက်ကန်ပြီး အမှီသဟဲပြု၍ ခိုင်မြဲစွာရပ်တည်နိုင်သည်။
ထိုကဲ့သို့ပင်ရုပ်တရား၊ နာမ်တရားတို့သည်လည်း အချင်းချင်းအပြန်အလှန်
အမှီသဟဲပြုကာထောက်ကန်ပြီး ကျေးဇူးပြုကြသည်။



8နိဿယပစ္စယော=နောက်မှသည် အရင်ဖြစ်နှင့်သူကိုမှီရခြင်း (သစ်ပင်ကမြေကြီးကို
မှီခိုရပ်တည်ရ သည်နှင့်တူ၏)

သစ်ပင်တစ်ပင်စိုက်ပျိုးဖို့မြေကြီးကအရင်ရှိနှင့်ရသည်။
သစ်ပင်ကနောက်မှလိုက်ပြီး မြေကြီးကို အမှီပြုပြီး ပေါက်ရသလိုပဲ
ဒုစရိုက်မှု၊ သုစရိုက်မှုတို့မှာလည်း ရှေးရှေးက အကြောင်း တရားတွေအပေါ်
နောက်အ ကျိုးတရားတွေက မှီပြီးမှဖြစ်ပေါ်ရသည်။



9ဥပနိဿယပစ္စယော=     အားကောင်းသောအကြောင်းက အကျိုးပြုခြင်း(မိုးရွာခြင်းနှင့်တူ၏)

မြေကြီးပေါ်မှာပေါက်ရသည့်
သစ်ပင်ကိုမိုးရွာချခြင်းဖြင့်စိမ်းလန်းစိုပြေစေသည်။ အားကောင်းသော
ကုသိုလ်တရားကို အမှီပြုပြီး ဥပုသ်၊ သီလ၊ သမထ၊ ဘာဝနာ၊ ၀ိပဿနာတွေမှ တစ်ဆင့်
မဂ်တရား၊ အဘိညာဉ်တရား၊ သမာပတ်ဝင်စားမှု စသည်
တို့ကိုဖြစ်ပေါ်စေနိုင်သလိုအားကြီး သော အကုသိုလ်တ ရားတို့ကြောင့်လည်း
မကောင်းမှုတို့ကို ဖြစ်ပေါ်စေနိုင်သည်။



10ပုရေဇာတပစ္စယော=
ရှေ့မှနောက်သို့တိုးပွားစေခြင်း(ရှေ့မှရှိနှင့်သည့်နေ၊ လနှင့်တူ၏)

မိဘတွေက သားသမီးတွေထက် အရင်ဖြစ်နှင့်ရ၏ လူသားတွေထက် နေ၊ လတို့သည်
အရင်ဖြစ်ပြီးမှ သတ္တ၀ါများကို အကျိုးပြုသည်။ အာရုံမျိုးစုံတို့သည်
မိမိအကျိုးပြုရမည့် တရားတွေ၏ အရင်ဖြစ် နှင့်ရသည်။



11ပစ္ဆာဇာတပစ္စယော=အရင်ဖြစ်နှင့်သည်ကိုနောက်မှဖြစ်ရမည်ကထောက်ပံ့ပေးခြင်း(လင်းတပေါက်စလေးများနှင့်တူ၏)

လင်းတငှက်လေးများပေါက်ခါစမှာလင်းတဖိုမတို့သည်
သူတို့အတွက်သာအစာရှာစားကြသည်။ ကလေး တွေအတွက်လုံးဝမကျွေးပေ။ ကလေးတွေက
မိဘပြန်လာလျှင်စားရနိုး စားရနိုး မျှော်လင့်ချက် ဖြင့် အသက်ရှင်နေရသည်။
သို့သော် လုံးဝမစားရရှာပေ။ မစားရ၀ခမန်းဖြစ်နေ၏။ သူတို့လေးတွေ ကိုယ်တိုင်
ထွက်နိုင်မှသာ စားရလေ၏။ ထို့အတူစိတ် အားထက် သန်မှုတွေ ဖြစ်နေလျှင်
ရုပ်တွေလန်းဆန်းနေရသည်။ စိတ်အားငယ်သွားလျှင် ရုပ်တွေလည်းကျသွား၏။



12အာသေ၀နပစ္စယော=အဖန်တလဲလဲမှီဝဲ၍ကျေးဇူးပြုခြင်း(အရောင်တင်ဆီအထပ်ထပ်တင်ရင်းအရောင်တက်လာသည်နှင့်တူ၏)

ရှေးရှေးက သင်ယူတတ်မြောက်ထားခဲ့သည့်စာပေကျမ်းဂန်တွေသည် နောက်နောင်မှသင်
ယူရ သည့် ကျမ်းစာတို့ကိုထောက်ပံ့စေပါသည်။ ရှေ့ကကုသိုလ်၊ အကုသိုလ်တရားတွေက
နောက်မှ ပြုသည့်ကူသိုလ်၊ အကုသိုလ်တရားတို့ကိုကျေးဇူးပြုနိုင်ပေသည်။



13ကမ္မပစ္စယော=စီရင်ခြင်း၊ မျိုးစေ့ဖြစ်ခြင်း (မျိုးစေ့မှသစ်ပင်ပေါက်ခြင်းနှင့်တူ၏)

အစေ့၊ အညွန့်၊ပင်စည်၊ အမြစ်
စသည့်မျိုးစေ့များမှရေမြေတို့၏ထောက်ပံ့မှုဖြင့် သစ်ပင်များ ပေါက်လာ
ကြရသကဲ့သို့ကုသိုလ်၊အကုသိုလ် ကံမျိုးစေ့တို့ကြောင့် နိဗ္ဗာန် မရမချင်း ဘဝ
အ ဆက်ဆက်မှာ ကောင်း ကျိုးဆိုးကျိုး ပေးကြသည်။



14 ၀ိပါကပစ္စယော=အကျိုးရလဒ်ဖြစ်ပေါ်စေခြင်း(အေးချမ်းသည့်လေပြေလေညှင်းနှင့်တူ၏)

ပြာလဲ့လဲ့ကောင်းကင်ပြင်မှ လေပြေလေညှင်း လေနုအေးတိုက်ခတ်နေစဉ်
သစ်ပင်ရိပ်အောက်မှာ ကိုယ်စိတ်နှစ်ပါးချမ်းသာစွာ ခိုနားနေရသကဲ့သို့
ကုသိုလ်ကံကြောင့် ကုသိုလ်အကျိုးကိုခံစားရမည်။ လူချမ်းသာဘုံ၊
နတ်စည်းစိမ်ဘုံလည်းခံစားရမည်။ အကုသိုလ်ကံပြုခဲ့မိပါက အကုသိုလ်အကျိုး
နှင့်ငရဲ၊ တိရစ္ဆာန်ဘုံ….စသည်တို့ကိုခံစားရမည်။



15 အာဟာရပစ္စယော=ထောက်ကန်ခိုင်ခံ့စေခြင်း(အိမ်ကြီးကိုထောက်ကန်ထားသည့်ကျားနှင့်တူ၏)

ထောက်ကန်ထားသည့် ကျား(ထောက်)တွေသာမရှိလျှင် လေဒဏ် မိုးဒဏ်
ကြောင့်တချိန်တချိန်မှာ ပြိုလဲ သွားနိုင်သည်။ ထိုကဲ့သို့ပင်
သတ္တ၀ါတွေမှာရုပ်အာဟာရ၊ နာမ်အာဟာရသာမရရှိနိုင်လျှင် အသက်ဆက်
လက်ရှင်သန်နိုင်မှာ မဟုတ်ပါ။



16 ဣနြ္ဒိယပစ္စယော=
ကဏ္ဍတစ်ခုကိုအုပ်စိုးခြင်း(ဌာနတစ်ခုကိုအုပ်ချုပ်ရသည့်ဝန်ကြီးနှင့်တူ၏)

ဣနြ္ဒိအုပ်စိုးမှုသည် အဓိပတိအုပ်စိုးမှုလောက်မကြီးပါ။ ပညာရေးဝန်ကြီး၊
သာသနာရေးဝန်ကြီး စသည်တို့သည် မိမိဌာနကို မိမိအပိုင်အစိုးရခြင်း ဖြစ်သည်။
ထိုကဲ့သို့ စက္ခုနြေ္ဒ၊ သောတိနြေ္ဒ…စသည်ဖြင့် ဣနြေ္ဒ(၂၂)ပါးတို့သည်
သူ့နေရာနှင့်သူ အပြည့်အ၀ တာဝန်ယူရသည်။



17 ဈာနပစ္စယော= စူးစူးစိုက်စိုက်ရှုနေခြင်း (အပေါ်စီးမှကြည့်ရသူနှင့်တူ၏)

တောင်ထိပ်ပေါ်ကနေတောင်အောက်မြင်ကွင်းကိုမြင်ကွင်းကျယ်ကျယ်မြင်ရ၏။
အမြင့်ရောက်လေ အမြင်ကျယ်လေဖြစ်၏။
ယခုခေတ်မှန်ပြောင်းဖြင့်ကြည့်ရသလိုအနီးကပ်အသေးစိတ်မြင်ရ၏။ ဈာန်ငါးပါး၊
ကုသိုလ်ဈာန်စသည်တို့ကို စူးစူးစိုက်စိုက်အာရုံပြုလျှင်
အမြင်မှန်တွေရမည်။ အမြင်ကျယ် လာမည်။ နောက်ဆုံးနိဗ္ဗာန်ထိ
ဦးတည်သွားနိုင်သည်။



18 မဂ္ဂပစ္စယော= လမ်းမှန်(၈)ပါး နှင့် လမ်းမှား(၄)ပါးရှိခြင်း
(ခင်းထားသည့်လမ်းနှင့်တူ၏)

ကောင်းသည့်နေရာကိုပို့မည့် လမ်းမှန်ရှိသလို မကောင်းသည့်နေရာကိုရောက်မည့်
လမ်းမှား လည်းရှိ၏။ ကောင်းသည့်လမ်းက မဂ္ဂင်ရှစ်ပါးရှိသည်။
သမ္မာဒိဌိမဂ္ဂလမ်းမှန်မှန်ပေါ်မှာ လျှောက်လှမ်းသူသာလျှင်
ချမ်းသာစစ်ချမ်းသာမှန် နိဗ္ဗာန်ကို ရောက်နိုင်မှာ ဖြစ်သည်။



19 သမ္ပယုတ္တပစ္စယော= အတူတူယှဉ်ပြီး ပေါင်းစပ်သတ္တိပြခြင်း
(၄-မျိုးပေါင်းထားသည့် စတုမဓူနှင့်တူ၏)

နှမ်းဆီထောပတ်၊ ပျားရည်၊ သကာရည်တို့ကို သမနေအောင်ရောစပ်ထားသောကြောင့် ရသာ
တစ်မျိုးစီ၏ သတ္တိများ ပျောက်သွားကာ ရသာ(၄)မျိုးလုံးယှဉ်လျက်ခံစားရသည်။
ထို့အတူ စိတ်၊ ဖဿ၊ ဝေဒနာ၊ သညာ စသည့် စေတသိတ်တွေသည်
အာရုံတစ်ခုကိုခံစားလျှင် တစ်ပြိုင်နက် တည်းဖြစ်ကြသည်။
တစ်ခုစီခွဲခြားမရနိုင်အောင် နှီးနှောနေကြသည်။



20 ၀ိပ္ပယုတ္တပစ္စယော=ရောနှောသော်လည်း မယှဉ်ဘဲသတ္တိပြခြင်း (ရသာ(၆)ပါးနှင့်တူ၏)

ချိုချဉ်၊ စပ်၊ ဖန်၊ငန်၊ ခါး ဖြစ်သည့် ရသာ(၆)ပါး ရောထားသော်လည်း
သူ့အရသာနဲ့သူ သတ္တိပြကြ၏။ ရသာ(၆)ပါးကွဲပြားနေ၏။ ထို့အတူပဋ္ဋိသန္ဓေစိတ်၊
ကမ္မဇရုပ်၊ ကလာပ်သုံးစည်း စသည့်တရားတွေသည် သူ့သတ္တိနှင့်သူ သတ္တိပြကြ၏။



21 အတ္ထိပစ္စယော=ထင်ရှားစွာရှိ၍ ကျေးဇူးပြုခြင်း (မြင့်မားသည့်တောင်ကြီးနှင့်တူ၏)

မြင့်မားသည့်တောင်ကြီးတွေကြောင့် သစ်တောစိမ်းလန်းစိုပြေရသည်။ အစာအဟာရ
တွေပြည့်ဝ နေခြ င်း သည် ခန္ဓာကိုယ်ကိုအကျိုးပြုစေသလို သဟဇာတတ္ထိ၊
ပုရေဇာတတ္ထိ၊ ပစ္ဆာဇာတ္ထိ၊ အာဟာ ရတ္ထိ၊ ရူပဇီဝိတိ နြ္ဒိယတ္ထိ ငါးပါးစသည့်
ပစ္စည်းတရားတို့ရှိနေသည့်အတွက် အကြောင်း အကျိုး ကျေးဇူးပြုကြသည်။



22 နတ္ထိပစ္စယော=မရှိမှကျေးဇူးပြုခြင်း(ဆီမီးငြိမ်းသွား၍ မှောင်ကျသွားသည်နှင့်တူ၏)

ဆီးမီးအလင်းရောင်ငြိမ်းသွားခါမှ အမှောင်ကလွှမ်းမိုးသွားသကဲ့သို့ ဥပါဒ်၊
ဌီ၊ ဘင် ဆိုသည့် ခဏငယ်သုံးချက် လုံးဝမရှိ နတ္ထိပစ္စည်းက ကျေးဇူးပြုစေသည်။



23၀ိဂတပစ္စယော=ကင်းမဲ့ချုပ်ပျောက်သွားခြင်း
(နေရောင်ပျောက်ပြီးလရောင်ရောက်လာခြင်းနှင့်တူ၏)

နေရောင်ကွယ်မှ လရောင်လင်းနိုင်သကဲ့သို့ ရှေးစိတ်၊ စေတသိက်တွေ
ကင်းချုပ်ပျောက် ကွယ် သွားမှသာ နောက်စိတ်၊ စေတသိက်တွေ ရောက်လာနိုင်သည်။



24အ၀ိဂတပစ္စယော=ကင်းပျောက်မသွားခြင်း(မဟာသမုဒ္ဒရာကြီးမှာရှိကြသည်
ရေသတ္တ၀ါများနှင့်တူ၏)

ပင်လယ်သတ္တ၀ါတို့မှာ မဟာသမုဒ္ဒရာကြီးကို မှီခိုနေရမှုကြောင့် ပီတိသောမနဿတွေ
တိုးပွား နေ ရသော်လည်း သတ္တ၀ါတို့ကို ဖမ်းဆီးသွားလျှင် သမုဒ္ဒရာရေက
ကျေးဇူးမပြုနိုင်တော့ပေ။ ထို့အတူ ဥပါဒ်၊ဌီ၊ဘင်
ခဏငယ်သုံးချက်တို့ချုပ်ခါနီးထိ ကျေးဇူးပြုနိုင်ကြောင်း…စသည်တို့ကို
သဗ္ဗညုတ ညဏ် တော်ရှင်ဗုဒ္ဓမြတ်စွာဘုရားက သိမြင်ဟောကြားတော်မူခဲ့ပေသည်။



မိမိတို့သည်ဗုဒ္ဓဘာသာဝင်များဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက်
ဗုဒ္ဓဘုရားစာများကို ရွတ်ဖတ် ကျက်မှတ်ကြ သည်။ သို့သော်
ရွတ်ဖတ်တတ်ရုံမျှဖြင့် လဲမပြီးသေးပါ။ ဗုဒ္ဓမြတ်စွာ ဘုရား ဟောကြား
တော်မူခဲ့ ပါတယ်။ ဗုဒ္ဓဘုရားစာ ဆိုတာ ရွတ်ဆိုရုံသက်သက်အတွက်
ဗုဒ္ဓဟောကြားခဲ့ခြင်းမဟုတ်ပါ။ အနက် အဓိပ္ပါယ် ကို သိရှိ နား လည်ပြီး
မိမိကိုယ်တိုင် လိုက်နာ
ကျင့်သုံးနိုင်မှသာအကျိုးရှိပါလိမ့်မည်ဟုဟောကြားတော်မူခဲ့ပါတယ်။
ဒါကြောင့် ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ ဘုရားစာများအနက် မိမိတတ်နိုင်သလောက်
နားလည်နိုင်သမျှနားလည်အောင် လေ့လာရမည်။ နားလည်ပြီဆိုမှ
နှလုံးသွင်းဆင်ခြင်နိုင်မည်။ ကျင့်ကြံ လိုက်နာလာနိုင်မည်ဖြစ်ပါသည်။
ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်တစ် ယောက်အနေနဲ့ ဗုဒ္ဓဟော ကြားခဲ့တဲ့ ဘုရားစာ
တွေရဲ့ အနက် အဓိပ္ပါယ်ကိုသိရှိစေဖို့အတွက် ဒီဘလော့ဘ်ပို့စ် လေးကို
ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။